ဖုန်းခေါ်ဆိုမှုအား ဆန္ဒရှိသလို အသံသွင်းထားနိုင်ပြီး သိမ်းထားလိုသည်များအား ရွေးချယ်နိုင်သည်။ အသံသွင်းလိုသည်များနှင့် လျစ်လျူရှုလိုသည်များအား သတ်မှတ်ထားနိုင်သည်။ အသံသွင်းချက်အား နားထောင်ပြီးနောက်၊ မှတ်စု ပေါင်းထည့်ကာ ၎င်းအား ဝေမျှနိုင်သည်။ Google Drive™ နှင့် Dropbox တို့နှင့် ပေါင်းစည်းထားသဖြင့် ဖုန်းခေါ်ဆိုမှုများအား cloud တွင်လည်း သိမ်းထားနိုင်ပြီး စင့်ခ်လုပ်ထားနိုင်သည်။
Android ဗားရှင်း 3.0 နှင့် အထက်တွင် Google Drive ပေါင်းစည်းခြင်း အလုပ်လုပ်သည်။
အချို့သော လက်ကိုင်ဖုန်းများတွင် ဖုန်းခေါ်ဆိုမှု အသံသွင်းခြင်းသည် အလုပ်လုပ်ခြင်း မရှိဘဲ အရည်အသွေးနိမ့် အသံသွင်းချက်များ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အပ္ပလီကေးရှင်းအား ငွေကြေးဖြင့် ဝယ်ယူခြင်း မပြုမီ အခမဲ့ဗားရှင်းအား စမ်းကြည့်ရန် အကြံပြုပါသည်။
အသံသွင်းခြင်းနှင့် ပတ်သတ်ပြီး ပြဿနာကြုံတွေ့ရပါက သို့မဟုတ် အသံအရည်အသွေး ပိုမိုကောင်းမွန်လိုပါက၊ အခြား အသံ မူလရင်းမြစ် တစ်ခုခုမှ ကြိုးစား သွင်းယူကြည့်ပါ၊ သို့မဟုတ် auto-on speaker မုဒ်အား သုံးကြည့်ပါ။
သွင်းယူထားသော ဖုန်းခေါ်ဆိုမှုများအား Inbox တွင် သိမ်းထားသည်။ ပြင်ပ SD ကဒ်ရှိ သိမ်းလိုသော ဖိုလ်ဒါသို့လည်း ပြောင်းနိုင်သည်။ Inbox အရွယ်အစားအား သင် သတ်မှတ်နိုင်သည်။ သင့်စက်ပစ္စည်း၏ memory အရ သိမ်းထားနိုင်သော ခေါ်ဆိုမှု အရေအတွက် အကန့်အသတ် ရှိသည်။ စကားပြောဆိုမှုသည် အရေးကြီးသည်ဟု သင်ထင်ပါက၊ ၎င်းအား သိမ်းထားပါက Saved Calls ဖိုလ်ဒါတွင် သိမ်းထားမည်ဖြစ်သည်။ သို့မဟုတ်ပါက၊ အသံသွင်းချက် အသစ်များဖြင့် Inbox ပြည့်သွားသောအခါ အဟောင်းများအား အလိုအလျောက် ပျက်သွားမည်။
ဖုန်းခေါ်ဆိုမှုတစ်ခု ပြီးပြီချင်း ရွေးချယ်စရာများနှင့် Call Summary Menu တစ်ခု ပေါ်လာရန် ဖွင့်ထားနိုင်သည်။
အဆက်အသွယ်၊ ဖုန်းနံပါတ်၊ သို့မဟုတ် မှတ်စု စသည်တို့အရ အသံသွင်းချက်များအား ရှာဖွေမည်။
အလိုအလျောက် အသံသွင်းခြင်းအတွက် ပုံသေ ဆက်တင် ၃ မျိုးရှိသည်-
အားလုံးအား အသံသွင်းခြင်း (ပုံသေ) – ဤဆက်တင်သည် လျစ်လျူရှုပါဟု ကြိုတင်ရွေးချယ်ထားသော အဆက်အသွယ်များမှအပ ဖုန်းခေါ်ဆိုမှုအားလုံးအား အသံသွင်းမည်။
အားလုံးအား လျစ်လျူရှုခြင်း – ဤဆက်တင်သည် အသံသွင်းရန် ကြိုတင်ရွေးချယ်ထားသော အဆက်အသွယ်များအပ ကျန်ဖုန်းခေါ်ဆိုမှုများအား အသံမသွင်းပါ။
အဆက်အသွယ်များအား လျစ်လျူရှုခြင်း – ဤဆက်တင်သည် အသံသွင်းရန် ကြိုတင်ရွေးချယ်ထားသော အဆက်အသွယ်များမှအပ၊ အဆက်အသွယ်မဟုတ်သော လူများ၏ ဖုန်းခေါ်ဆိုမှုအားလုံးအား အသံသွင်းမည်။
Pro ဗားရှင်းသာလျှင်- အဆက်အသွယ်အချို့မှ ဖုန်းခေါ်ဆိုမှုများအား အလိုအလျောက် သိမ်းဆည်းရန် သင် သတ်မှတ်ထားနိုင်ပြီး၊ ၎င်းတို့အား cloud တွင် သိမ်းထားမည်။
ဤအပ္ပလီကေးရှင်းတွင် ကြော်ငြာများ ပါသည်။